DEATH AT A FUNERAL

မထင်မှတ်ပဲ Death at a Funeral ဇာတ်ကားလေးကို ကြည့်ဖြစ်သွားတယ်။ စကြည့်လိုက်ပြီးကတည်းက ပြီးတဲ့ အထိ မထနိုင်တော့ဘူး။ နောက်လည်း နှစ်ခါလောက်ပြန်ကြည့်လိုက်သေးတယ်။ အဖေရဲ့ အသုဘ မှာ သားနှစ်ယောက် ပြသနာ အမျိုးမျိုးကြုံရပုံကို ဟာသလေးပါနှောပြီးရိုက်ထားတာ။ အရမ်းကို ရသလည်း မြောက်တယ်။ ရယ်လည်း ရယ်ရတယ်။ ဇာတ်ကားက နည်းနည်းတော့ လေးတယ်။ အေးအေးဆေးဆေး စိတ်ဝင် တစား ကြည့်မှပဲကောင်းမှာ။ သေချာကြည့်ရင်တော့ အရမ်းကို ကြိုက်သွားလိမ့်မယ်။
တစ်ခါတစ်လေ သူတို့ဆီက ဓလေ့ တွေကိုလည်း အံ့သြမိတယ်။ တစ်ချို့ဟာတွေက အတုယူစရာကောင်း သလို တစ်ချို့ဟာတွေလည်း ကျွန်တော်တို့ ယဉ်ကျေးမှု့နဲ့ကြတော့ မကိုက်ဘူး။ လူတွေက တအားကို ပွင့်လင်းလွန်းတယ်လို့ထင်တယ်။ ကျွန်တော်တို့ဆီကလို အားနာတာတွေ ဘာတွေ သိပ်မရှိဘူး။

ဇာတ်လမ်းအကျဉ်းကဒီလို။ အဖေရဲ့ အသုဘ မှာ စကတည်းကယဉ်သကို ဆိုသလို အလောင်းလာပို့တဲ့ သူတွေက အလောင်းမှားပြီးလာပို့တယ်။ ထူးဆန်းပေစွ။ အသုဘ လာတဲ့ လူတွေ ဆွေမျိုးတွေကလည်း အမျိုးမျိုး သရုပ်ဖော်ထားတယ်။ အခမ်းအနားကျင်းပတော့ လည်း ဆွေမျိုးထဲက တစ်ယောက်က မူးယစ်ဆေး တစ်မျိုးကို မှားသုံးလာမိလို့ ကမောက်ကမဖြစ်ကုန်ရော။ သူက အခေါင်းကြီး လှုပ်လာပြီ ဆိုပြီး အခေါင်းကို ၀င်ဆွဲတော့ အလောင်းကြီးက ထွက်ကျရော။ အဲလိုနဲ့ အခမ်းအနားက ခဏရပ်သွားရော။
ပြီးတော့ ပိုဆိုးတဲ့ ပြသနာက သူတို့ အဖေက Gay လိုလိုဖြစ်နေတာပဲ။ သူအဖေရဲ့ lover လူပုလေးက သားနှစ်ယောက်ဆီက ငွေလာညှစ်ပါလေရော။ စတာလင်ပေါင် ၁၅၀၀၀ သူလဲရသင့်တယ်ပေါ့လေ။ မပေး ရင် သူ့ အဖေနဲ့ သူနဲ့ ဓါတ်ပုံတွေကို လူအလယ်မှာ ပြပြီး အရှက်ခွဲလိုက်မယ်ပေါ့။ အဲဒီမှာ ညီအစ်ကို နှစ်ယောက် ခေါင်းခြင်းဆိုင်ရတော့တာပေါ့။ နောက်ဆုံးတော့ ပေးဖို့ သဘောတူပြီး ချက်ရေးနေတုံးမှာ ပြသနာတက်ပြန်တယ်။ ဒါကလူ့သဘောလေးတွေကြောင့်။ အပြောမတတ်လို့ ဒုက္ခရောက်ကုန်တာ။ ဖြစ်ပုံကဒီလို။ ညီအစ်ကိုနှစ်ယောက်မှာ တစ်ယောက်က စာရေားဆရာ၊ တစ်ယောက်က ရေးဖို့ ကြိုးစားနေတုံး အစမ်းဝတ္ထုတစ်ပုဒ်ရေးတယ်တယ်။ အဲဒါကို လူပုလေး စောင့်နေတဲ့ အခန်းထဲမှာ ထားခဲ့ေ

ကျန်တာကတော့ ဆက်ကြည့်တော့ဗျာ…
http://stagevu.com/
မှာ quality ကောင်းကောင်း download ဆွဲလို့ရတယ်။ 100% free ဗျာ။
0 comments:
Post a Comment