Sunday, March 8, 2009

နောင်ဘ၀ ရှိမရှိ

နောက်ဘ၀ဆိုသည်မှာ ရှိခဲ့လျှင်လည်း ကျွန်တော်တို့ သိသလောက် ရိုးရှင်းမည် မဟုတ်ဟုထင်ပါသည်။
ဥပမာ ကျွန်တော်တို့တော်တော်များများ စိတ်ကူးယဉ်ထားသည့် နောက်ဘ၀ဆိုသည်မှ ဒီဝိဥာဉ်ကလေးက ဒီခန္ဓာ ကိုယ်ထဲကထွက် ပြီးရင် တခြားခန္ဓာတစ်ခုထဲဝင်။ အဲလို ယူဆထားကြလေသည်။ တကယ်၍ ထိုကဲ့သို့ ယူဆခဲ့ ပါက ဟိန္ဒူ အယူဝါဒ နှင့် အလားသဏ္ဍာန်တူသွားလိမ့်မည်။ နောင်ဘ၀မရှိ ဒီဘ၀ နှင့် ပြတ်ပြီ ဟုယူဆလျှင် လည်း ထိုယူဆချက်ကို ကျိုးကြောင်း ဆီလျှော်ရန် ခဲယဉ်းမည်ဖြစ်သည်။ အကယ် ၍ နောင်ဘ၀ရှိသည် ဟုပြောလျှင်လည်း ထိုကိစ္စကို သက်သေမပြနိုင်ကြပါ။

ကျွန်တော့် အယူအဆအရတော့ နောက်ဘ၀ ဆိုသည်မှာ ထိုမျှလောက် မရိုးရှင်းဟုထင်ပါသည်။
ယခုအချိန်တွင် ကျွန်တော်တို့တွေးခေါ်ကြသည်မှာ သိပ္ပံပညာ ဆိုင်ရာ အမှန်တရားများကို အခြေခံပြီး တွေးကြသည်။ ဥပမာ (law of duality) ၊ အစရှိလျှင် အဆုံးရှိမည်။ ဒီဘက်ခြမ်းရှိလျှင် ဟိုဘက်ခြမ်းရှိရမည်။ အလင်းရှိလျှင် အမှောင်ရှိရမည်။ ထိုကဲ့သို့ စဉ်းစားကြသည်။ ထိုသဘောတရားကို ကျော်လွန်၍ စဉ်းစား ဖို့ဆိုသည်မှာ ကျွန်တော်တို့လို လူသားမာန်တွေ အဖို့ အတော်ခဲယဉ်းပါသည်။ အစရှိပြီး အဆုံးမရှိသော သဘောတရားကို လက်တွေ့ လက်ခံဖို့။ အလင်းမရှိ အမှောင် မရှိ အခြေအနေကို မှန်းဆဖို့ ။ အပူ အအေး မရှိသော အခြေနေ။ အချိန်မရှိသော အခြေအနေ စသည်ဖြင့် ကျွန်တော်တို့ လိုက်မှီရန် ခက်ခဲ သော ကိစ္စတော်တော် များများရှိမည်ဟု ယူဆပါသည်။ ဆိုလိုသည်မှာ ကျွန်တော်တို့ သိထားသော ဘောင်ထဲမှ ကျော်လွန်၍ စဉ်းစားဖို့ ဆိုသည်မှာ ကျွန်တော်တို့ အတွက် မလွယ်ကူပါပေ။

ထို့ကြောင့် နောင်ဘ၀ဆိုသည့် အကြောင်းအရာသည်လည်း ကျွန်တော်တို့ အတွက် နားလည်ဖို့ ခဲယဉ်း မည် ဟုယူဆပါသည်။
……………………………………………………………………………………………………………………………………
အလင်းစေတမန်ဘလော့မှ နောင်ဘ၀ပြသနာဟူသော ပို့(စ်) မှ အောက်ပါ ဗုဒ္ဓဘုရားဟော အမေးအဖြေသည် အလွန်တရာမှ ကောင်းလှပါသည်။

“အရှင်ဂေါတမ လောကသည် မြဲသည်လို. အယူရှိပါသလား”
“အယူမရှိဘူး ၀စ္ဆ”
“ဒါဆို မမြဲဘူးလို. အယူရှိပါသလား”
“အယူမရှိဘူး ၀စ္ဆ”
“လောကသည် အဆုံးမရှိလို.ရော အယူရှိပါလား”
“အယူမရှိဘူး ၀စ္ဆ”
“အသက်နဲ.ကိုယ် အတူပဲလို.ရော အယူရှိပါသလား”
“အယူမရှိဘူးဝစ္ဆ”
“ဒါဆို အသက်တခြားကိုယ်တခြားလို.ရော အယူရှိပါသလား”
“အယူမရှိဘူးဝစ္ဆ”
“သေပြီးတဲ့နောက်မှာ ဖြစ်တယ်လို.ရော အယူရှိပါသလား အရှင်ဂေါတမ”
“အယူမရှိဘူး ၀စ္ဆ”
“ဒါဆို သေပြီးတဲ့နောက် မဖြစ်လို.ရော အယူရှိပါသလား”
“အယူမရှိဘူး ၀စ္ဆ”
“‘သေပြီးသည်နောက် ဖြစ်လည်းဖြစ်တယ်၊ မဖြစ်လည်းမဖြစ်လို.ရော အယူရှိပါသလား”
“အယူမရှိဘူးဝစ္ဆ”
“ဒါဆို ဖြစ်တာလည်းမဟုတ်၊ မဖြစ်တာလည်းမဟုတ်လို.ရော အယူရှိပါသလား”
“အယူမရှိဘူး ၀စ္ဆ”
“အရှင်ဂေါတမ အယူမရှိဘူးလို.ပဲ ဖြေနေပါလား၊ အဘယ်ကြောင့်ပါလဲ”
“‘ဒါတွေဟာ မိစ္ဆာဒိဋ္ဌိအယူတွေသာ ဖြစ်တယ် ၀စ္ဆ၊ လွတ်မြောက်ငြိမ်းချမ်းဖို.အတွက် မဖြစ်ဘူး၊ အယူဆိုတဲ့စကားကို ငါဘုရား ပယ်ထားပြီ၊ စွဲလမ်းမှုတွေ ထောင်လွှားမှုတွေ မရှိလို. လွတ်မြောက်နေသူဖြစ်တယ်”
“ဒီလို လွတ်မြောက်တဲ့ စိတ်ရှိသူကရော ဘယ်မှာ ပဋိသန္ဓေဖြစ်ပါသလဲ”
“ပဋိသန္ဓေဖြစ်တယ် ဆိုတဲ့ အဖြစ်ကိုမရောက်ဘူး ၀စ္ဆ”
“ပဋိသန္ဓေအားဖြင့် မဖြစ်ဘူးပေါ့”
“မဖြစ်လို.လဲ ပြောလို.မရဘူး ၀စ္ဆ”
“‘ဒါဆို ပဋိသန္ဓေဖြစ်လည်းဖြစ်၊ မဖြစ်လည်းမဖြစ်ပေါ့”
“အဲဒီလို အဖြစ်ကိုလည်း မရောက်ဘူးဝစ္ဆ”
“‘ဒါဆို ပဋိသန္ဓေဖြစ်တာလည်းမဟုတ်၊ မဖြစ်တာလည်း မဟုတ်ပေါ့”
“အဲဒီ အဖြစ်ကိုလည်း မရောက်ဘူး ၀စ္ဆ”
.......................................................................................................................
ထို့ကြောင့် ကျွန်တော်တို့ နားလည်နိုင်သည့် အခြင်းအရာထက် ကျော်လွန်နေပြီဟုထင်ပါသည်။ အမှန်တကယ် သဘောပေါက်ရန်မူ ဂေါတမအရှင် ၏လမ်းကြောင်းအတိုင်း ကျင့်ကြံအားထုတ်နိုင်မှ ထိုအခြင်းအရာ၏ အဖြေကို သိရှိနိုင်မည်ဟု ယူဆပါသည်။

မိုးတိမ်ညို

3 comments:

Min Myat Soe March 8, 2009 at 6:00 AM  

ဟုတ်ကဲ့ လာဖတ်သွားတယ်ဗျ၊ အခုလို ပြန်လည် အသုံးပြုတာလည်း ကျေးဇူးပါ။

Dr Phyo Wai Kyaw March 8, 2009 at 8:35 AM  

လာလည်ဖတ်ရှုသွားပါတယ်ခင်ဗျာ
တရားအားထုတ်ဖြစ်ဖို့က အဓိကပါပဲ။

subuueain March 8, 2009 at 9:06 PM  

လာရောက်ဖတ်ရှုသွားပါတယ်။ စဉ်းစားစရာ တစ်ခု ရသွားပြီ။

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP