Friday, March 20, 2009

ဆရာတော် ရေစကြိုအရှင်ဧသိက- ထေရ၀ါဒဗုဒ္ဓဘာသာ


ဆရာတော် ရေစကြိုအရှင် ဧသိကရဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ စာအုပ်ပါ။ ဗုဒ္ဓဘာသာဝင်တိုင်း ဖတ်ရှု့သင့်တယ်လို့ ထင်ပါတယ်။ ဆရာတော်က ဗုဒ္ဓဘာသာ ထဲကို ပြင်ပမှ ရောနှောလာတဲ့ အယူဝါဒများကို ပြတ်ပြတ်သား သား ငြင်းဆိုထားပါတယ်။ ဆရာတော်ရဲ့ တင်ပြချက်တစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ဖတ်ရှု့ကြည့်ပါခင်ဗျား။
***********************************************************
ဆရာတော်ရေစကြိုအရှင်ဧသိက ၏ ထေရ၀ါဒဗုဒ္ဓဘာသာ

ပြည်တွင်းဖြစ်နတ်များ ကိုးကွယ်မှု့

မြန်မာတို့သည် အိန္ဒိယနိုင်ငံဖြစ် နတ်များကို ကူးယူကိုးကွယ်ခဲ့ကြသကဲ့သို့ မိမိတို့ ပြည်တွင်း၌လည်း နတ်သစ် များကို မွေးထုတ်၍ ကိုးကွယ်ခဲ့ကြပါသည်။ မဟာဂိရိခေါ် အိမ်တွင်းနတ်နှင့် အပေါင်းပါ ၇-ဦး နတ်အုပ်စုသည် မြန်မာတို့ ရှေးဦးတီထွင်ခဲ့သော နတ်များဖြစ်သည်။

မြန်မာတို့သည် ပုဂံခေတ်တွင် နတ်သစ်များကို ဆက်လက်ဖော်ထုတ်ခဲ့ရာ ပုဂံခေတ်ကုန်ချိန်၌ နတ်ဦးရေ ၂၂-ဦး မျှရှိလာသည်။ ထို့နောက်လည်း နတ်သစ်များကို ဆက်လက် ဖော်ထုတ်ခဲ့ရာ ပင်းယခေတ်တွင် ၁-ဦး၊ အင်းဝ ခေတ်တွင် ၉-ဦး၊ တောင်ငူခေတ်တွင် ၅-ဦး မွေးထုတ်ခဲ့ကြသည်။ နတ်ပေါင်း ၃၇-ဦးမျှ ရှိလာသည်။ ယင်းနတ်တို့ ကိုမြန်မာတို့က “အပြင် ၃၇-မင်း” ဟုခေါ်ကြသည်။

တောင်ငူခေတ်နောက်ပိုင်းတွင် နတ်တီထွင်မှု့များ တိမ်မြုတ်သွား၏။ နတ်ဆရာတို့ကလည်း နတ်ဦးရေကို ၃၇-ဦး ထက်ပိုစေချင်ဟန် မတူ။ ထို့ကြောင့် တောင်ငူခေတ်တွင် နတ်မှတ်ပုံတင် လုပ်ငန်းကို ပိတ်ထားလိုက်၏။

*************************************************************

အချို့ရုပ်ပွားတော်များမှာ မူလတင်ပျဉ်ခွေရုပ်ပွား၏ ဒူးနှစ်ဖက်နှင့် ပခုံးနှစ်ဖက်ပေါ်၌ မတ်ရပ်ရုပ်ပွားကလေးများ ထည့်သွင်းထုလုပ်ထားသည်ကို တွေ့ရ၏။ ပလတ်စတစ်ဖြင့် လောင်းထားသော ရုပ်ပွားဖြစ်သည်။ ထိုရုပ်ပွားကိုကြည့်၍ ဆပ်ကပ်ပြနေသလား ထင်မှားလောက်အောင် အရုပ်ဆိုး အကျည်းတန်နေပါသည်။
အချို့ ဘုရားရင်ပြင်တော်ပေါ်၌ လူကြိုက်များသော ဘိုးဘိုးအောင်၊ အောင်မင်းခေါင်စသော ဘိုးတော်ဆိုသူ စိတ္တဇရုပ်ကောင်တို့ကို ပြုလုပ်ထားကြရာ ဗုဒ္ဓဘာသာအတွက် ရှက်ဖွယ်ကောင်းသော လုပ်ဆောင်ချက်များ ဖြစ်ပေသည်။

***************************************************************
ထေရ၀ါဒ အမြင်နှင့် ကယ်တင်ရှင်

ထေရ၀ါဒ ဒေသနာအစဉ်၌ ကယ်တင်ရှင်ဟူ၍ မရှိ။ ကယ်တင်ပေးနိုင်သူ ဟူ၍လည်း မရှိပေ။ ဗုဒ္ဓဘုရားကိုယ်တိုင် လည်း လူသားတို့အတွက်ကယ်တင်ရှင် မဟုတ်ခဲ့။ လူသားတို့ အတွက် “လမ်းညွှန်သူ” သာဖြစ်လေသည်။
ဗုဒ္ဓဘုရားရှင်က-
“ချစ်သားတို့၊ သင်တို့လွတ်မြောက်မှု့ အတွက် သင်တို့ကိုယ်တိုင် ကြိုးစားအားထုတ်အပ်၏။ ဘုရားရှင်တို့ မည်သည် လမ်းညွှန်ဟောပြောရုံသာ ဟောပြတော်မူနိုင်ကြကုန်၏။” ဟုဓမ္မပဒဒေသနာ၌ အတိအလင်း ဟောပြ ထားသည်။


3 comments:

Min Myat Soe March 26, 2009 at 10:24 PM  

ကျော်ခွနေရလို. မရောက်ဖြစ်တာ ကိုမိုးတိမ်ညိုရေ၊ ဖတ်လိုက်မယ် တွေ.တဲ့အခါ၊

Dr Phyo Wai Kyaw March 30, 2009 at 12:09 PM  

ဖတ်ရမယ်ဗျ
အီးဘွတ်ခ်ရနိုင်လား။

မိုးတိမ်ညို April 1, 2009 at 5:18 AM  

E book တော့ မရှိဘူးဗျ

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP