Thursday, April 23, 2009

စဉ်းစားစရာလေး တစ်ခုပါ

Miracle သတင်းတွေ အတော်ကြားနေရလို့ပါ။ ကြည့်ဖူးတဲ့ Joan of Arc ဇာတ်လမ်းထဲက အပိုင်းလေး မျှဝေလိုက်ပါတယ်။ စဉ်းစားစရာ တစ်ခုရတာပေါ့။ အချိန်ရရင် ကြည့်ကြည့် ပါဦး။


ယုံကြည်မှု့လွန်ကဲသောကြောင့် အမှန်တရားကို ဖုန်းကွယ်သွားနိုင်သည် ကို Joan of Arc ဇာတ်ကားတွင် သေသေချာချာရှင်းပြ ထားလေသည်။ Joan ကတောသူမလေး တစ်ယောက်ပါ။ သူက ငယ်ငယ်ကတည်းက ဘုရားသခင်ကို ယုံကြည်လွန်းမက ယုံကြည်ပါတယ်။ ယုံကြည်လွန်းလို့ သူ့ကိုယ်သူ ဘုရားသခင်ရဲ့ တမန်တော်လို့ ထင်လာပါတယ်။ သူမရဲ့ ယုံကြည်မှု့က လွန်ကဲလာတော့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်သမျှ အရာ တော်တော်များများကို ဘုရားသခင် ရဲ့ Message လို့ ထင်လာပါတယ်။
နောက်ဆုံး သူမကို တရားချတဲ့ ပုဂ္ဂိုလ်ကြီး ပြောတဲ့ စကားလေးက မှတ်သားစရာပါ။

You didn’t see what it was .. Joan… You saw what to wanted to see..
မင်းကတကယ့် အဖြစ်အပျက်ကို မမြင်ပဲနဲ့ မင်းဖြစ်စေချင်တာကို ပဲမြင်တာကိုး

4 comments:

ကိုပေါ April 24, 2009 at 7:12 AM  

အခုတလော ရဟန္တာတစ်ပါး ကောင်းကင်က ကြွသွားတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရင်ထဲ ကျလိကျလိ ဖြစ်နေတာ။

မီးပုံပျံတို့၊ လေစီးကြောင်းနဲ့အတူ လွင့်လာတဲ့ ပလပ်စတစ်စ၊ အ၀တ်စ စသဖြင့် ဖြစ်နိုင်ပါသေးတယ်။ ဗီဒီယိုထဲမှာ သဲသဲကွဲကွဲ မြင်ရတာလည်း မဟုတ်ဘဲနဲ့ ချက်ချင်းကြီး ရဟန္တာလို့ ကောက်ချက်ဆွဲလိုက်တာကလည်း မျက်ခုံးပင့်ချင်စရာပါဗျိုး။

မိုးတိမ်ညို April 24, 2009 at 7:49 AM  

ဟုတ်ပါ့ ကိုပေါရေ။ အဲလို ဖြစ်စေချင်တဲ့ လူတွေ များနေလို့ နေမှာပါ။ မှန်တယ် မှားတယ်တော့ ဘယ်သူ မှ အတိအကျ မပြောနိုင်ဘူးလေ။

Min Myat Soe April 26, 2009 at 1:03 AM  

ကျွန်တော်လည်း ရဟန္တာသတင်းကြားတယ်ဗျ ကျွန်တော်အခုထိ Read more နှိပ်လို.မရဘူးဗျို.

မျိုးမြင့်မောင် April 28, 2009 at 2:01 AM  

ရဟန္တာတွေနဲ့ ပတ်သက်လို့ ကြားဘူးတာလေးတစ်ခုပါ။ ရဟန္တာမှန်ရင် ရဟန္တာဖြစ်ကြောင်းကို တခြားသူတွေ သိအောင်မြင်အောင် မပြကြဘူးလို့ ကြားဖူးတယ်။ အခုလို ဟိုးလေးတကျော် ဖြစ်တဲ့အထိကို လူတွေသိကုန်ကြတာ တကယ့်ကို စဉ်းစားစရာပါဘဲဗျာ။

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP