Tuesday, April 28, 2009

လူနှင့် ယုံကြည်မှု့

ယုံကြည်မှု့နဲ့ ပတ်သက်လို့ ထပ်ပြီး တွေးမိတာလေး တွေရေးထားတာပါ။
************************************************
လူတို့သည် ယုံကြည်မှု့ဖြင့် အသက်ရှင်နေကြသည် ဟုဆိုကြသည်။ လူတိုင်းလူတိုင်း ယုံကြည်မှု့ တစ်ခုခုတော့ ရှိစမြဲဖြစ်သည်။ အချို့က ဘာသာရေးကို ယုံသည်။ အချို့က သိပ္ပံပညာ (Science) ကိုယုံသည်။ အချို့က အနုပညာ စသည်ဖြင့် တစ်မျိုးမျိုးကို တော့ ယုံကြည်ကြသည်။ ဘာလိုမှ မယုံ ဘူးဆိုသူကို ပင် “ဘာမှ မယုံသော ၀ါဒ” ကို ယုံကြည်သူဟု ကတ်သီးကတ်သတ် ပြောလို့ရသည် ဟု ဆရာဖေမြင့်၏ စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးပါသည်။

ထို့အတူ ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀တွင် လည်း တစ်စုံတစ်ခုကို ယုံကြည်ပြီး နေနေရပါသည်။ ဥပမာ MCdonald မှ အစားအသောက် ကို safety ဖြစ်သည်ဟု ယုံကြည်ပြီး စားသောက်နိုင်သည်။ CNN မှ သတင်းများသည် ယျေဘူယျအားဖြင့် မှန်ကန်သည် ဟု ယုံကြည်နိုင်သည်။ တက္ကသိုလ် တစ်ခုမှ ဘွဲ့လက်မှတ်ရသောသူကို သက်ဆိုင်ရာ ဘာသာရပ်၌ ကျွမ်းကျင် သည်ဟု ယုံကြည်နိုင်သည်။

ထို့အတူ လက်တွေ့ စမ်းသတ်၍ရသော သိပ္ပံပညာရပ်ဆိုင်ရာ အကြောင်းအရာများကို လည်း စမ်းသတ်ခြင်း မပြုနိုင်ပဲ လူပုဂ္ဂိုလ် (သို့) အဖွဲ့ အစည်း တစ်ခုခုကို ယုံကြည်သော အားဖြင့် မှန်ကန်သည် ဟုမှတ်ယူကြရသည်။ ရေတွင် H2O ပါသည် ဟုကျွန်တော်တို့ သာမာန်လူများထဲတွင် မည်သူစမ်းသတ်ဖူးပါ သနည်း။ သို့သော်လည်း သိပ္ပံ ပညာရပ်နှင့် ပညာရှင်များကို ယုံကြည်သောအားဖြင့် မှန်ကန်သည် ဟုယုံကြည်လေသည်။ ထိုပြင် ကျွန်တော်တို့ အသက်အန္တရာယ်နှင့် တိုက်ရိုက်သက်ဆိုင်သော ကိစ္စများကို ပင် တစ်စုံတစ်ခုကို ယုံကြည်သောအားဖြင့် စောဒကမတတ်ကြချေ။ ဥပမာ လေယာဉ်ပျံဖြင့် ခရီးသွားသည့် အချိန်တွင် လေယာဉ်မူးဘယ်သူဆိုတာ ကျွန်ုတို့ မသိပါ။ သိစေဦး သူ့ နာမည်ကို သာသိမည် ထိုသူ ဘယ်လောက် အရည်အချင်းရှိသည် တကယ်လေယာဉ်မောင်းကျွမ်းကျင်သည် မကျွမ်းကျင်သည် ကို မသိပါ။ သိစရာလည်း မလိုဟု ယူဆကြသည်။ အဘယ်ကြောင့် ဆိုသော ကျွန်တော်တို့ စီးနင်းလိုက် ပါမည်ဖြစ်သော လေယာဉ် ကုမ္ပဏီ ကိုအပြည့် အ၀ယုံကြည်သောကြောင့်ဖြစ်သည်။

သို့ကြောင့် လူတို့သည် တစ်စုံတစ်ခုကို ယုံကြည်ပြီး အသက်ရှင်နေကြသည် ဟုဆိုနိုင်ပါသည်။
ထိုယုံကြည်မှု့များထဲတွင် အချို့သော ယုံကြည်မှု့များမှာ မျက်ကန်းယုံကြည်မှု့မျိုးဖြစ်ပြီး အချို့မှာ ကျိုးကြောင်းဆီလျှော်လေသည်။ သက်သေ မပြနိုင်သော (ပြရန်ခက်ခဲသော) ကိစ္စများကို မယုံကြည် ဟုဆိုပါလျှင် လူ့ အသိုင်းအ၀ိုင်းတွင် နေထိုင်ရန် အတော်ပင် ဂွကျပေလိမ့်မည်။ သို့သော် မျက်စိမှိတ် ယုံကြည်မှု့ မဖြစ်စေရန်လည်း အရေးကြီးလေသည်။

သို့ဖြစ်၍ သင်ယုံကြည်သော အရာများသည် မည်မျှ ခိုင်မာသည်၊ မည်မျှမှန်ကန်သည်၊ မည်မျှကျိုးကြောင်း ဆီလျှော်သည် ဟူသော အချက်ကို မည့် သို့ ဆုံးဖြတ်မည်နည်း။ ရှေးယခင်ကဆိုလျှင် လူတို့သည် ကမ္ဘာ ကြီးကို ပြားသည် ဟူ၍ပင် ယုံကြည်ခဲ့ကြဘူးလေသည်။ ထို့ကြောင့် သင်ယနေ့ အချိန်တွင် အမှန်ဟု ယုံကြည် ခဲ့သော အကြောင်းအရာများတွင် လုံးဝမှားယွင်းနေသော အကြောင်းအရာပေါင်း မည်မျှရှိနိုင် သနည်း။

ထို့ပြင် လူတို့သည်မိမိတို့ ၏ယုံကြည်မှု့ အတိုင်း ကိစ္စတစ်ခုခုကို မိမိနှင့် သက်ဆိုင်သော ရှူ့ထောင့်မှ အဓိပ္ပာယ်ဖွင့်ကြလေသည်။ဤသည်မှ လူတိုင်း၏လွပ်လပ်ခွင့်ဖြစ်လေသည်။ သို့သော ထိုကိစ္စကြောင့် မိမိနှင့် အယူအဆမတူသများကို မှားသည်ဟု မသတ်မှတ်သင့်ပါ။ ထို့ပြင် မိမိ၏တစ်ဖက်သတ် ယုံကြည်မှု့ သည် အမှန်တရားကို ဖုန်းကွယ်သွားခြင်းမျိုးလည်း မဖြစ်သင့်ပါ။

ထိုအကြောင်းကို Joan of Arc ဇာတ်လမ်းထဲတွင် ရှင်းပြထားပုံလေးမှာ အလွန်တရာ ကောင်းလှပါသည်။ တောသူမလေးတစ်ယောကသ်သည် ယုံကြည်မှု့ လွန်ကဲပြီး သူ့ကိုယ်သူ ဘုရားသခင်၏ တစ်မန်တော် ဟုယုံကြည် နေသည်။ ထိုသို့ ယုံကြည်ရန်လည်း ဘုရားသခင်က သူမကို Message တွေပေးနေသည်ဟု ထင်လေသည်။ နောက်ဆုံးတွင်မှာ အသိတရားရသွားပြီး ယုံကြည်မှု့ပုံစံပြောင်းသွားလေသည်။ အသေးစိတ်ကိုတော့ ဇာတ်လမ်းကို သာကြည့် လိုက်ပါ။ အလွန်ကြည့်သင့်သော ဇာတ်လမ်းတစ်ခု ဟုတိုက်တွန်းလိုပါသည်။ ကျွန်တော့် အနေနဲ့တော့ အဲဒီဇာတ်လမ်းကြည့်လိုက်ပြီး တစ်ခုခုကို ရလိုက်သလိုပါပဲ။

April 09
မိုးတိမ်ညို


1 comments:

Min Myat Soe May 13, 2009 at 7:36 AM  

အလွန်ကောင်းသော Post ဟု မြင်၊

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP