Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Tuesday, April 7, 2009

လှည်းဝန်ရိုးသံတစ်ညံညံ ပုဂံဘုရားပေါင်း

“လှည်းဝန်ရိုးသံတစ်ညံညံ ပုဂံဘုရားပေါင်း”

ဆိုတဲ့စာကြောင်းလေးကို လူတိုင်းသိကြမှာပါ။ ပုဂံမှာ ရှိတဲ့ ဘုရားအရေအတွက်လို့ ဆိုပါတယ်။ တွက်ကြည့်လိုက်ရင် ဘုရားစေတီပေါင်း ၄၄၄၆၇၃၃ ရှိတယ်လို့ မှတ်သားရပါတယ်။ စေတီပေါင်း လေးသန်းကျော် ပေါ့။ အဲဒီအကြောင်းကို ငယ်ငယ်ကတည်း ကသင်ခဲ့ဖူးပါတယ်။ မှန်၏ မမှန်၏ တစ်ခါမှ မေးခွန်း မထုတ်ဖူးပါ။

ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ စာအုပ်ကို ဖတ်လိုက်ရတော့မှ ပုဂံမှာ ရှိတဲ့ စေတီ ပေါင်းက နှစ်ထောင်ကျောင်ပဲ ရှိပါ သတဲ့။
လေးသန်းနဲ့ နှစ်ထောင် ဘာဖြစ်လို့ များ ဒီလောက်ကွာရတာလဲ။ ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ပြောပါတယ်။ သာမန်တွေးကြည့်ရင်တောင် သိနိုင်ပါတယ်တဲ့။ ဒီလောက် ဧရိယာလေးမှာ စေတီလေးသန်း နေရာချကြည့်ပါဦး လူတောင် နေစရာရှိ မှာ မဟုတ်ဘူးတဲ့။ နှစ်ကာလရွေ့လျှောလို့ ပျက်စီးသွားတယ်ဆိုတာ လည်း မဖြစ်နိုင်ဘူးတဲ့။ ဆရာကြီးက ဆွေးနွေး ထားတာပါ။(ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့်စကားပြောခြင်း)

ခက်တာက အဲဒီအဆိုကို မှန်မမှန် ကျွန်တော်တော့ တစ်ခါမှ သေချာ မစဉ်းစားခဲ့ဖူးဘူး။ မျက်စိမှိတ် လက်ခံထားတာပဲ။ အခုသိတော့ မှတခြား website တွေရှာဖတ်ကြည့်တော့ လည်း ဟုတ်တယ်တဲ့။ နှစ်ထောင်ကျော်ပဲတဲ့။ ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။

အဲလိုသိလိုက်ရတော့ တစ်သက်လုံး အလိမ်ခံရပါလားဆိုပြီး တွေးမိပါတယ်။ အဲဒီတော့ မှတ်တမ်းတင်တဲ့သူတွေက ချဲ့ကား သလိုဖြစ်နေတာပေါ့။
ဘာပဲဖြစ်ဖြစ် ချင့်ချိန်စဉ်းစားပြီးမှ ယုံသင့်တယ်ဆိုတာ ပြောချင်လို့ပါ။


Read More...

Wednesday, January 21, 2009

CIA The World Factbook


ကမ္ဘာ့နိုင်ငံများ အကြောင်းကို အသေးစိတ်သိချင်သူများ အတွက် CIA ကပြုစုတဲ့ The World Factbook ကို ဒီနေရာမှာ တစ်စုတစ်စည်း တည်း download လုပ်လို့ရပါတယ်။
ကမ္ဘာ့ပေါ်က နိုင်ငံတွေအားလုံး အကြောင်းကို တော်တော် စုံစုံလင်လင်ပါပါတယ်။ လိုအပ်တဲ့သူအတွက် အရမ်း အသုံးဝင်ပါတယ်။
ကိုယ့်ကွန်ပြူတာထဲမှာ သိမ်းထားလို့ရတော့ ကြိုက်တဲ့ အချိန်ယူဖတ်လို့ရတာပေါ့။

Read More...

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP