Saturday, December 20, 2008

ထူးဆန်းပါပေ့ ဆရာတွတ်ရယ် (၁)

ဆရာဆွေမင်း(ဓနုဖြူ) ၏ မြိုင်ရာဇာတွတ်ပီ ဇာတ်လမ်းထဲမှ မုဆိုးကျော် ဦးတွတ်ပီ၏ တပည့်ကျော် ဗိုက်ကလေး ပြောနေကျ စကား “ထူးဆန်းပါပေ့ ဆရာတွတ်ရယ်“ ကိုခေါင်းစဉ်အဖြစ် အသုံးပြုထားပါ သည်။
*********************************************************************
ဖော်ပြပါပုံမှာ နိုင်ငံခြားတိုင်းပြည်တစ်ပြည်ရှိဆေးရုံ တွင်ရှိသော ကြော်ငြာသင်ပုန်းတစ်ခုပုံဖြစ်လေသည်။ ဆေးရုံများတွင် ထိုကဲ့သို့သော ကြော်ငြာသင်ပုန်းများ ဌာနတိုင်းလိုလိုတွင်ရှိသည်။ ထိုကြော်ငြာသင်ပုန်းရှိ စာများမှာ ထိုဆေးရုံတွင် တတ်ရောက်ကုသခဲ့သော လူနာများ ဆေးရုံမှ ဆင်းသောအခါတွင် ရေးသားသွားခဲ့ ကြသော ကျေးဇူးတင်လွာများဖြစ်ပါသည်။ လူနာကိုယ်တိုင်သော်ဖြစ်စေ၊ လူနာ၏ ဆွေမျိုးမိတ်ဆွေများမှ ဖြစ်စေ ဆေးရုံတွင် နေထိုင်စဉ်အတွင်း တွင် ဆေးရုံရှိ ဆရာဝန်ကြီးများ၊ သူနာပြုများ နှင့် အခြားသော ၀န်ထမ်း များမှ မိမိတို့ကို နွေးနွေးထွေးထွေး ပျုပျုငှာငှာ ဖြင့် ဆွေမျိုးရင်းနှင့် မခြား ပြုစုစောင့်ရှောက်ခဲ့ပုံ များကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသား က ကျေးဇူးတင်လွာကဒ်ပြားလေးများ ကပ်ထားခဲ့ခြင်းဖြစ်လေသည်။ ထိုကြော် ငြာသင်ပုန်းကို ကြည့်ပြီး ကျွန်တော်လို အပြင်လူပင် ကြည်နူးပီတိဖြစ်မိပါသည်။ ကာယကံရှင် ဆေးရုံဝန်ထမ်းများ ဆိုလျှင်အဘယ်မျှ ကြည်နူးလိုက်မည်ကို မှန်းဆ၍ရနိုင်ပါသည်။

ကျွန်တော်တို့နိုင်ငံရှိဆေးရုံအတော်များများကို လည်း ဆွေမျိုး မိသင်္ဂဟများဖြင့် ပတ်သက်၍ရောက်ဖူးခဲ့ပါ သည်။ ဆရာဝန်၊ဆရာမ၊ ဆေးရုံဝန်ထမ်းအများအပြားကို ဆက်ဆံဖူးပါသည်။ သူတို့ဆီမှ ဆေးရုံများနှင့် နှိုင်းယှဉ်ကြည့် ပြီး ထိုကဲ့သို့ ကြောငြာသင်ပုန်းထားရှိလျှင် ကောင်းမလားဟု မိတ်ဆွေတစ်ဦးနှင့် တိုင်ပင်ကြည့်ရာ သူက ကျွန်တော့်ကို အထူးအဆန်း သတ္တ၀ါတစ်ကောင်လိုကြည့်ပါသည်။
သူတို့ ဆေးရုံများမှ ကြော်ငြာသင်ပုန်းများကို ကြည့်ပြီး “ထူးဆန်းပါပေ့ ဆရာတွတ်ရယ်“ဟုသာ ရေရွတ်မိပါတော့သည်။
ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို
www.walkinginthedesert.blogspot.com

0 comments:

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP